28 C
Yangon

ဆိပ်ဖြူ အခြေစိုက် ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံ အပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စက်ရုံလိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံအပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝါဇီစက်ရုံအတွင်းရှိ လိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) တပ်ဖွဲ့မှ ကိုCyrus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကစတင်ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေမှုတွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်၍ အကြမ်းဖက်စစ်ကောင်စီ ခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေသော ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဝါဇီ စက်ရုံ (လ.န.စ) နှင့် ၎င်း စက်ရုံ အနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများဖြစ် သော ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာ စခန်း ၊ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာ အနီး ဇီးပင် ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာရှိ စခန်း၊ မြင်းစကောကျေးရွာရှိ စခန်းတို့ကို မကွေး တိုင်း ပကဖ နှင့် ပူးပေါင်းတပ်များက ရော့ကတ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုများအတွင်း မကွေးတိုင်း ပကဖ ၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သော သိန်းငှက် နက် ဆိပ်ဖြူတော် လှန်ရေးတပ်ဦးမှ ထုတ်လုပ်ထားသည့် Short Range Missile ၁၇ လုံးဖြင့် ဝါဇီ စက်ရုံအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်းရှိ လိုင်းခန်းအဆောင်များ၊ စက်ရုံဂိုဒေါင်များကို ၁၃ လုံး ထိမှန်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်း ထိ ခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့အပြင် ယင်းစက်ရုံပတ်ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများကို ဒရုန်းဖြင့် Drop Bomb ၂‌၆ လုံး နှင့် ၈၁ မမ ၆ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှလည်း ၆၀ မမ လက်နက်ကြီးမျာဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

“စက်ရုံတွေတော်တော်များများ ထိခိုက်ပျက်စီးမှုရှိတယ်လို့တော့ကြားတယ်၊ စက်ရုံအဝန်းအဝိုင်းထဲကို ၁၃ လုံးထိတာ၊ ဘယ်အဆောင်တွေ ထိမှန်တယ်ဆိုတော့ မသိရသေးဘူး။ အခုလိုတိုက်ခိုက်ခံရလို့ စက်ရုံထဲမှာရှိတဲ့ မိသားစုတွေနဲ့ စက်ရုံကအရာရှိတွေက စကား များကြတယ်လို့လည်း ကြားတယ်၊ မနေ့က အထိ ဝါဇီစက်ရုံရဲ့ တောင်ဘက်ကို လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်၊ တိုက်ခိုက်ခံရပြီးနောက်တော့ လက်နက်ကြီးနဲ့ နေ့ရော၊ ညရော ပစ်ခတ်နေတာမျိုးရှိတယ်၊” သိန်း ငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) တပ်ဖွဲ့မှ Cyrus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို မကွေးတိုင်း ပကဖ၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) ၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P) ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ခွဲ ၃ နှင့် ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းမှ တပ်ခွဲ ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရှေ့ဆက်လျှောက်တိုက်ပွဲက မြှင်သွားဖို့ပဲရှိတော့၊ ကျနော်တို့မှာလည်း အကြွေးတွေနဲ့ လုံးလည်ချာ လည်လိုက်လုပ်နေရတာဆိုတော့ ပြည်သူတွေအနေနဲ့ အဝိုင်းဝန်းကူညီထောက်ပံ့၊ ပေးကြစေချင် တယ်၊ လက်နက်တွေ၊ ပစ္စည်းတွေလည်း စုဆောင်းနေတယ်၊ တိုက်ပွဲတစ်ခုဖော်ဆောင်ပြီး ပြန်ဖြည့်ရ တာရှိတယ်၊ ပြီးတော့ နည်းပညာပြန်မြှင့်ရတာတွေလည်းရှိတော့ ဘတ်ဂျက်မလုံလောက်မှုက တော် တော်များများတွေ့နေရလို့ပါ။” သိန်း ငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) တပ်ဖွဲ့မှ Cyrus က မေတ္တာရပ်ခံ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article