25 C
Yangon

မုံရွာမြို့တော်ခန်းမ၌ တာဝန်ကျနေသော စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ပြည့်ဖြိုးအောင် အလင်းဝင်၊ ရန်ကုန် ဆေးရုံတွင် လူနာစောင့်ရန်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိမ်လည်ခေါ်ပြီး စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တပ်စွဲထားသော စစ်တပ်စခန်းတွင် တာာဝန်ကျနေသော စစ်မှုထမ်းအပတ်စဉ် ၅ သင် တန်းဆင်း တပ်သား ပြည့်ဖြိုးအောင် အလင်းဝင်ရောက်လာကြောင်း မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ နတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက် နေ့ မုံရွာမြို့ ၊ မြို့တော်ခန်းမ၌ လုံခြုံရေးအစောင့်တာဝန်ကျနေသော စစ်မှုထမ်း အ ပတ်စဥ် ၅ သင်တန်း ဆင်း တပ်သား အသက် ၃၃ နှစ်အရွယ် ပြည့်ဖြိုးအောင်သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံသို့ ဆက်သွယ်လာသဖြင့် PDF ရဲဘော်များ က မုံရွာမြို့အတွင်းအထိ ဝင်ရောက်ကာ ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခန်းမရောက်တဲ့အချိန်မှာ လက်နက်တွေ သိမ်းထားလို့ ယူလို့မရခဲ့တဲ့အတွက် ပါမလာဘူး။ လက်ရှိ တော့ တပ်ရင်းမှာပဲ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်၊ သူက ပြန်လို့မရတော့ လောလော ဆယ် ဒီဘက်လုံခြုံတဲ့နေရာမှာ ပဲနေမယ်လို့ ပြောတယ်။ သူက ရန်ကုန်က ၊ သူတို့ရဲ့ရပ်ကွက်အုပ် ချုပ်ရေးမှူး ကနေပြီးတော့ ဆေးရုံလာနာစောင့်ဖို့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဟို ရောက်တော့ ရဲ ၂ ယောက်က လာခေါ်ပြီးတော့ စစ်မှုထမ်းသင်တန်းကို တန်းပို့လိုက်တာ ဂျိုးဖြူ အမှတ် ၁ တန်းမြင့် သင် တန်းကို ၃ လတက်ခဲ့တယ်၊ အဲဒီကနေမှ တပ်မ ၃၃ ကို တစ်ပတ်လောက် နေခဲ့ရတယ်၊ အဲဒီက နေမှ မုံရွာရောက် လာတာ” ဟု မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ နတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပကဖ ထံလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ အလင်းဝင်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ စစ်မှုထမ်းစစ်သား၊ ရဲများအနေဖြင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း မုံရွာ နတ်ဆိုး Page မှ ဆက်သွယ်လာပါက မည်သည့်နေရာမဆို သွားရောက်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article