ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်းကိုပြန်လာပြီး စစ်မှုထမ်းဖို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အချိန် စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ထောက်ခံချက်ကို မဖြစ်မနေယူရတော့ မှာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ပဲခူး နဲ့ ဧရာဝတီတို့တိုင်းက ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှုးတွေဟာ ပြည်သူတွေဆီကနေ လစဉ် မတရားတောင်းခံနေတဲ့ စစ်မှုထမ်းကြေးတွေကို သိန်းနဲ့ချီ ထပ်ပြီးတိုးမြှင့်ကောက်နေကြပြန်တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက ဇီးကုန်းမြိုနယ်မှာရှိတဲ့ မီးကောက်ပင်ကျေးရွာအုပ်စုက အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေကို PDFတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ကျေးရွာအုပ်စု ထဲမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတော်တော်များများဟာ ထွက်ပြေးကုန်ကြတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်က အုပ်ကြီးတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးပြီး အုပ်ကြီးတွေ ပြန်လာကြဖို့ ဖိအားပေးတာတွေလုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/01/16119747308783349826.jpg)