ရန်ကုန်၊ ဇန်နဝါရီ ၃၁
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ NUG အစိုးရ၏ အောင်ဆန်း တက္ကသိုလ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ CDM ကျောင်းသူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မြိုင်မြို့နယ် အနောက်ပိုင်းရှိ အောင်ဆန်း တက္ကသိုလ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးတို့က အောင်ဆန်းတက္ကသိုလ်ကို ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့ရာ CDM ကျောင်းသူ ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက်အစောပိုင်း သန်းခေါင်ယံ အချိန်မှာ အောင်ဆန်း တက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပထမ အကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေက ညနေပိုင်းမှာထပ်ပြီးတော့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ထပ်ကျဲတော့ CDM ကျောင်းသူ ၁ ဦး သေဆုံးတယ်။ အမျိုးသမီး ၁ ဦးလည်း ထပ်မံ ဒဏ်ရရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော စစ်ကောင်စီက မြိုင်မြို့နယ်အတွင်းတွင် စစ်ကြောင်းထိုးမှုများရှိနေပြီး မြိုင်မြို့ကို အခြေပြု၍ စစ်တပ်စစ်ကြောင်းများက လှုပ်ရှားစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar