28 C
Yangon

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံသည့်အပြင် အားလုံး အတူတကွ ဆန့်ကျင်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်တပ်စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံသည့်အပြင် အားလုံး အတူတကွ ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက် တွန်းပြောဆိုသည်။

ယနေ့ ကျရောက်သည့် ကရင့်အမျိုးသားတော်လှန်ရေး ၇၆ နှစ်ပြည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က အာဏာလက်လွှတ်ရမည်ကို စိုးရိမ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ကို စိုးရိမ်သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဟုတ်မမှန်သော အကြောင်းပြချက်များဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြောင်း၊ ရွေးကောက်ခံ ခေါင်းဆောင်များကိုလည်း ထိန်းသိမ်းခဲ့ကြောင်း၊ ဗမာစစ်တပ်အနေဖြင့် နိုင်ငံ့အာဏာကို အဓမ္မသိမ်း ပိုက်လိုက်ခြင်းမှာ နိုင်ငံ၏ ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမည့် နည်းလမ်းကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၊ဒီမိုကရေစီဝါဒကို ကျောခိုင်းဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် လမ်းစဉ်ကို ကျင့်သုံးလိုက်ခြင်းဖြစ် ကြောင်း၊ ဗမာစစ်တပ်က အာဏာနှင့်အကျိုးစီးပွားကို အနည်းငယ်မှ အထိအခိုက်အပွန်းအပဲ့ မခံနိုင်ကြောင်း၊ စစ်တပ်အတွက် နိုင်ငံရေးတွင် ဦးဆောင်ချုပ်ကိုင်နိုင်သည့် အခွင့်အာဏာ အခိုင်အမာ ပေးအပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲနေကြောင်း KNU ဥက္ကဋ္ဌ က ပြောဆိုသည်။

“အာဏာကို ခိုင်ခိုင်မာမာနဲ့ ရေရှည် ချုပ်ကိုင်နိုင်ဖို့ တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာအမြင်မှာ တရား ဝင် အစိုးရအနေနဲ့ အသိအမှတ်ပြု ခံရနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်းရရှိနေဖို့ အတွက်ပဲဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွ ဆန့်ကျင်ရမှာဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုသည်။

ဗမာစစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်တော့ကြောင်း၊ တိုင်းရင်းသားလူမျိုးများနှင့် လူထုတော်လှန်ရေးတပ်များက စစ်တပ်စခန်းများ၊ စစ်ဌာနချုပ်များ၊ နယ်မြေများကို တက်ရောက်သိမ်းပြီး အကြီးအကျယ် အောင်ပွဲခံနေကြောင်း၊ ဗမာစစ်တပ် ၏ အောက်ခြေစစ်သားများသာမက အရာရှိကြီးများကိုပါ စစ်မြေပြင်တွင် စစ်သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးမိနေကြောင်း၊ ဗမာစစ်တပ်မှာ တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးပြီး စစ်မြေပြင်မှ ကိုယ်လွတ်ရုန်းကာ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းလာမှုများလည်း အများအပြား ဖြစ်ပွားနေကြောင်း KNU ဥက္ကဋ္ဌ က ပြောဆိုသည်။

KNU အနေဖြင့် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အင်္ဂါရပ်နှင့်အညီ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ ပြည်ထောင်စုသည် အမျိုးမျိုးသော အာဏာရှင်စနစ်၊ အုပ်ချုပ်ရေးပုံစံများအားလုံးနှင့် လွတ်ကင်းနေရမည်ဖြစ် ကြောင်း KNU ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article