တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ဘူဆန်-မြန်မာ ပူးပေါင်းအဖွဲ့များက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အဖြစ် စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ဘူဆန်-မြန်မာ ပူးပေါင်းအဖွဲ့များက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ဘူဆန်ဘူတာရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် မတရား အာဏာလုခဲ့သည့် ၄ နှစ်ပြည့် နွေဦး တော်လှန်ရေး အောင်နိုင်ရေး အာဏာရှင် စနစ်ဆုံး ကျရှုံးရေးအတွက် “မြန်မာနှင့် ကိုရီးယားတွင် ဒီမိုကရေစီ ပန်းများ ပွင့်လန်းလာတဲ့အထိ” ဟူသော ခေါင်းစဉ်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ညနေ ၂ နာရီခန့်တွင် ကိုရီးယားနိုင်ငံ ဒုန်ဒဲဂုဘူတာရှေ့တွင် MFDMC နှင့် မြန်မာပူးပေါင်းအဖွဲ့များက စစ်တပ် မတရား အာဏာလုခဲ့တဲ့ ၄နှစ်ပြည့် နွေဦးတော်လှန်ရေး အောင်နိုင်ရေး အာဏာရှင် စနစ်ဆုံး ကျရှုံးရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း၊ ယင်းဆန္ဒပြပွဲ သတင်းစာရှင်းလင်းပွဲကို တောင်ကိုရီးယားနိုင်ငံ မြို့ကြီးများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲမှသည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကမ္ဘာ့အသိုင်းအဝိုင်းက ပိုမိုသိရှိလာစေရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မည့် တော်လှန်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ရန်နှင့် တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းကြောင်း သိရသည်။