ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မွန်ပြည်နယ် ဘီလင်းမြို့နယ်က မဲပလီဗျူဟာစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက်စစ်ကောင်စီဘက်က ဗိုလ်ကြီး သော်တာ အပါအဝင် စစ်သား ၂၇ ဦး ကိုပါအရှင် ဖမ်းဆီးရမိထားသလို ၊ စစ်သား အယောက် ၄၀ ကျော်ကတော့ အသီးသီး သေကုန်ကြပြီဖြစ်တဲ့အပြင် စခန်းထဲကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိ ထားတယ်လို့ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းအထိ ထိုးဖောက်ဝင်ရောက်နေတဲ့ အချိန်မှာပဲ ပုသိမ် နဲ့ ရေကြည်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၁ ၊ အမတ ၃၄၄ နဲ့ လေ့ကျင့်ရေး ၆ က အရာရှိ နဲ့ စစ်သည် ၃၁ ဦးဟာ အသီးသီး ထွက်ပြေးသွားကြပြန်ပြီလို့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လူငယ်တွေကို စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် နေ့အချိန်တွေမှာပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်လာနေပြီး ၊ တစ်ဖက်က မန္တလေးမြို့မှာဆိုရင် ဇန်နဝါရီလ ၁ လအတွင်းမှာပဲ လူငယ် ၂၃၇ ဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar