29 C
Yangon

ဆိုးလ်မြို့ ဆောင်းဒုံဂူ အို့ဆုဒုံရှိ မြန်မာသံရုံး၏ တပ်မတော်ဆိုင်ရာ တာဝန်ခံဌာန အရှေ့တွင် “နွေဦးတော်လှန်ရေး” ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆန္ဒပြကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဆောင်းဒုံဂူ အို့ဆုဒုံရှိ မြန်မာသံရုံး၏ တပ်မတော်ဆိုင်ရာ တာဝန်ခံဌာန (မူကွမ်းဘူ) အရှေ့တွင် “နွေဦးတော်လှန်ရေး” ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြန်မာများ စုပေါင်း၍ ဆန္ဒပြကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယားအဖွဲ့အစည်းများက မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားကူညီမှုအသင်း (AAPP)၏ထုတ်ပြန်သည့်သတင်းအချက်အလက်များကို ကိုးကား၍ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူဦးရေသည် အနည်းဆုံး ၆,၂၃၁ ဦးရှိပြီး ယင်းအတွင်း ၂၈,၄၃၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ထိုထဲမှ ၂၁,၇၁၁ ဦးမှာ ယနေ့ထိ ထောင်ထဲတွင် အကျဉ်းချမှု ခံနေရသည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူ့ရင်ခွင်(People’s Embrace) ၏ တည်ထောင်သူဖြစ်သည့် CDM ဗိုလ်ကြီးလင်းထက်အောင်က မြန်မာ့ဒီမိုကရေစီအတွက် ထောက်ခံခဲ့ကြသည့် ကိုရီးယားပြည်သူများကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article