32 C
Yangon

အင်းစိန်ထောင် စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော် တို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် စီချမှတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

အကြမ်းဖက် စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော် တို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ဆီချမှတ်ခဲ့ကြောင်း Shwe Pyi Thar Strike Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ အင်းစိန် အကျဉ်းထောင်အတွင်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ရွှေပြည်သာသပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့ကို အကျဥ်းထောင်အတွင်းရှိ စစ်ခုံရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ဆီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်မဖက် လှုပ်ရှားမှုတွင် ပါဝင်သော လူငယ် ၂ ဦးကို စစ်ကောင်စီက မတရားဖိနှိပ် ဖမ်းဆီးပြီး အကျဉ်းချခဲ့သော်လည်း ရွှေပြည်သာသပိတ်ကော်မတီမှ တော်လှန်လူငယ်များက အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ တွန်းလှန်တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

“အခုလို လူ့အခွင့်ရေးနေ့မှာ လူသားတစ်ဦးချင်းဆီတိုင်းရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုတာနဲ့ပတ်သတ်ပြီး တောင်းဆိုသူ ကျွန်တော်တို့ရဲဘော်တွေကို ဖမ်းဆီးထောင်ချတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကိုရော အာဏာရှင်စနစ်ကြီးကိုပါ အမြစ်ပြတ်တဲ့ထိ တွန်းလှန် တော်လှန်သွားအုန်းမှာပဲဖြစ်ပါတယ်။ အခုလို ဖိနှိပ်မှုတွေ ပပျောက်ပြီး ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကိုမရောက်ရောက်အောင် ဆက်သွားမှာပါ။ အခုလိုလုပ်ရပ်အပေါ်ရှုပ်ချပါတယ်။ ကြောက်လဲကြောက်သွားမှာမဟုတ်ပါဘူး” ဟု Shwe Pyi Thar Strike Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၇ နာရီတွင် ရွှေပြည်သာသပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့ကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနှင့် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့က ပူးပေါင်း ဖော်ဆောင်ပြီး ညပိုင်း၌ ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ Motel တစ်ခုတွင် ဝင်ရောက်နားခိုနေစဥ် ဧည့်စာရင်းအကြောင်းပြကာ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article