ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့စစ်အာဏာသိမ်းမှုကို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်တဲ့အမိန့်ကို သမ္မတထရမ့်က ၁ နှစ် ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
- အကြမ်းဖက်စစ်ကောင်စီလက်အောက်က မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ကို ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ကုသလမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က မေတ္တာရပ်ခံလိုက်ပါတယ်။
- ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို အသေခံတိုက်ခိုက်ခိုင်းပြီး ထွက်ပြေးသူတွေကို ပစ်သတ်မယ်လို့ စစ်တပ်အရာရှိတွေက ခြိမ်းခြောက်ခဲ့ကြောင်း စစ်သုံ့ပန်းတွေက ဝန်ခံ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/842040446644812268.jpg)