29 C
Yangon

ပုသိမ် မုံရွာလမ်းမထက်တွင် သပိတ်အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိဆန္ဒပြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း ပုသိမ် မုံရွာလမ်းမထက်တွင် သပိတ်အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း၊ ဖယ်ဒရယ်ပြည်‌ထောင်စုတည်ဆောက်ချင်ကြောင်း ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ကျဆုံး ရဲဘော်များ၏ အုတ်ဂူဆီကို ဦးညွတ်အလေးနီပြုခြင်း၊ ဝေမြဲနှင်းဆီများဖြင့် အာဇာနည်သူရဲကောင်းတွေရဲ့ အုတ်ဂူပေါ်မှာ ချခဲ့ကြကြောင်း၊ အဆိုပါလှုပ်ရှားမှုတွင် အားမာန်သစ်သပိတ်အင်အားစုနှင့် ဒေသတွင်းသပိတ်အင်အားစုများဖြစ်ကြသော ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ၊ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်ကော်မတီ၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်ကော်မတီ၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်ကော်မတီ၊ ကယ်တင်ရှင်မရှာ တို့ကျေးရွာသပိတ်ကော်မတီ၊ က‌လေးမြို့လူထုတိုက်ပွဲဦးကော်မတီ နှင့် တော်လှန်ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article