26 C
Yangon

သီပေါမြို့အဝင်မုခ်ဦးတွင် ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲမှု TNLA ကို ကန့်ကွက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အဝင်မုခ်ဦးတွင် ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲမှုအပေါ် TNLA ကို ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကန့်ကွက်ရှုတ်ချကြောင်း ကြေ ညာချက် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ TNLA က သီပေါမြို့အဝင်မုခ်ဦးတွင် ရေးဆွဲထုဆစ် ထားသော ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်လျက် ရှိနေကြောင်း၊ ယခင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင်လည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွဋ်အမြတ် အခေါင်အချုပ် ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီး ခဲ့ကြောင်း၊ ရှမ်းလူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းထားရှိသော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဖျက်ဆီးသည့် အချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေး ဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြောင်း၊ ယခု TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ကြောင်း သိရှီရသည်။

ယခင်နှစ်များတွင်လည်း ကွတ်ခိုင် မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စသည့် နယ်မြေဒေသများတွင် အလားတူကိစ္စရပ်များ ပြုလုပ် ခဲ့သည့်အပြင် ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီ မဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှု မရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး ၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် မိမိတို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အနေဖြင့် TNLA ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ပြောဆိုသည်။

“နွေဦးတော်လှန်ရေး အာဏာရှင်တော်လှန်ရေးကို အားလုံးက ထောက်ခံနေကြတာပဲ။ လူမျိုးစုတွေကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ စဉ်းစားကြရမယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့ အဓိထားရမှာ။ လူမျိုးစုတွေကြားထဲမှာ အထင်အမြင်လွဲမှားမှုတွေ မဖြစ်လာအောင် လူမျိုး ပြဿနာတွေ မဖြစ်လာအောင် သေသေချာချာ ညှိနှိုင်း ဆွေးနွေးလုပ်ရမယ့်ဟာတွေကို ဆင်ခြင်သင့်တယ်” ဟု ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်။

အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေးနှင့် ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့သည် လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များ ဖြစ်ကြောင်း၊ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်ဟုလည်း ကိုင်စွဲထားကြောင်း၊ ပြည်ထောင်စု၏ အရင်းခံပြဿနာများကို စုပေါင်းဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်ရေးကို ဦးတည်ခဲ့ကြကြောင်း၊ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article