စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ၊ မုတ်သုန်နှင့် တင်ဝင်းတို့ကို လူကုန်ကူးမှုအတွက် ထိုင်းက ဖမ်း၀ရမ်းထုတ်မည်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် ဗိုလ်တင်ဝင်းတို့ကို လူကုန်ကူးမှုဆိုင်ရာ အထောက်အထားများအရ ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအာ ဏာပိုင်များက စီစဉ်နေကြောင်း ထိုင်းသတင်း Matichonက သတင်းဖော် ပြသည်။
ကျားဖြန့် ဂိုဏ်းတစ်ခုတွင် အတင်းအကျပ်စေခိုင်းခံရသည့် အိန္ဒိယနိုင်ငံသားများ ပြန်လည် လွတ်မြောက်လာပြီးနောက် ရရှိ ထွက်ပေါ်လာသည့် အထောက် အထားများအရ ယင်းသို့ ဖမ်း၀ရမ်းထုတ်နိုင်ရေး တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်မည့် သူများတွင် BGF ခေါင်း ဆောင် ဗိုလ်မှူးကြီး စောချစ်သူ ၊ဒုဗိုလ်မှူးကြီး မုတ်သုန်န်နှင့် ဗိုလ်မှူးတင်ဝင်း (ဗိုလ်တင်ဝင်း) တို့ ပါ၀င်ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476644732_988249963402610_7313805471356479472_n.jpg)