30 C
Yangon

ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း လုပ်ဆောင်နေသည့် စစ်တပ် ဒေါက်တိုင် ကံဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း လုပ်ဆောင်နေသည့် စစ်တပ် ဒေါက်တိုင် ကံဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BTZM GBK PDF ပဲခူးရိုးမ အခြေပြု တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းကြီးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကံဝင်းကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ကံဝင်းသည် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ် အဖြစ် စုဆောင်းပေးခြင်း၊ စစ်ကောင်စီ Media နှင့် ပူးပေါင်းကာ ဝါဒဖြန့် ပြီး ရွေးကောက်ပွဲကို စိတ်ပါလက်ပါ ဆောင်ရွက်ပေးခြင်း နှင့် ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးငွေညှစ်နေခြင်းကြောင့် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကံဝင်း ဆိုသူက တပ်သားသစ် စုဆောင်းခြင်းနဲ့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို စိတ်ပါလက်ပါ ဆောင်ရွက်ပေးနေတာ နောက်ပြီး ပြည်သူတွေကို နည်းမျိုးစုံ ဒုက္ခပေးပြီး ငွေညှစ်နေတာတွေကြောင့် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့က အရေးယူ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BTZM GBK PDF ပဲခူးရိုးမ အခြေပြု တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article