26 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျ၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း အဖြူရောင် DPY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒီပဲယင်းမြို့ လမ်းဆုံရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိသည်။

“ဘာတိုက်ပွဲမှမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု အဖြူရောင် DPY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးနှင့် ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၁ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဖျံတလင်းကျေးရွာ ဘေးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပိန်းဇလုပ် ၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သမင်အင်းကုန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၈ မိနစ်ခန့်တွင်လည်း လုံးကညင်ကျွန်း ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၄၆ နှစ်အရွယ် ဒေါ်အေးမြင့်ခိုင် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးနှင့် ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ ၄၇ မိနစ်ခန့်တွင် ကွမ်းချောင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဖျံတလင်းကျေးရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ညနေ ၅ နာရီ ၁၆ မိနစ်ခန့်တွင် ကျောက်တံခါးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ဖျံတလင်းကျေးရွာအတွင်းကို ကျဲချ တိုက်ခိုက်ခြင်းကြောင့် အသက် ၄၇ နှစ်အရွယ် စောမောင်စိုး ၊ အသက် ၃၇ နှစ်အရွယ် နော်လယ်လယ်ထွေးနှင့် အသက် ၄၇ နှစ်အရွယ် နော်မူးမူဖောတို့ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ည ၈ နာရီ ၃ မိနစ်ခန့်တွင် ဖျံတလင်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင် ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article