26 C
Yangon

ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် ပအဖ က အသိပေး ထုတ်ပြန်

Must read

ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် ပအဖ က အသိပေး ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို ဂျက်ဖိုက်တာဖြင့် ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ ညနေ ၆ နာရီ ၄၇ မိနစ်မှာ ကျော်ရွာ ဆေးပေးခန်း ဂျက်ဖိုက်တာနဲ့ စစ်ခွေးတွေ ဗုံးထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေး မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

“ကလေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အရေးပေါ် စစ်ရေးဖြစ်ပွားနေစဉ်ကာလ အတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်းချုပ် ပြုလုပ်ရန်၊ အသံချဲ့စက်များအားလုံးဝ (လုံးဝ) မဖွင့်ရန်နှင့် လုံခြုံရေးအသိသတိဖြင့် မိဘပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်” ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article