ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကော့မနာလမ်းဆုံရှိ ခရီးသွားပြည်သူများ၏ ကားများကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးထိမှန်ပျက်စီးခဲ့ကြောင်း Mon Liberation Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့် ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတား၌ တပ်စွဲထားသော အ ကြမ်းဖက် စစ်ကောင်စီ၏ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၂၀၈ တပ်ရင်းမှ ဒရုန်းတပ်ဖွဲ့က ကော့ဒွန်းကော့ပနော့ လမ်းဆုံရှိ Mon Liberation Army တပ်ဖွဲ့ စစ်ဆေးရေး ဂိတ် နှင့် ခရီးသွားပြည်သူကားများကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ဗုံးသီး ၁ လုံး၊ ၁ နာရီ ၉ မိနစ်တွင် ဗုံးသီး ၁ လုံထပ်မံကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ စစ်ကောာင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် Mon Liberation Army တပ်ဖွဲ့ဝင် များ၊ ခရီးသွားပြည်သူများ ထိခိုက်မှုမရှိခဲ့သော်လည်း ပြည်သူပိုင် ခရီးသွားကား ၃ စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
“ကျနော်တို့ တပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့လာချတာပါ။ တိုက်ပွဲဖြစ်တာ မရှိပါဘူး ။ ခရီးသွား ပြည်သူတွေရော၊ ကျနော်တို့ ရဲဘော်တွေရော ထိခိုက်မှုမရှိပါဘူး၊ အသွားအလာဂရုစိုက်ကြပါလို့ ခရီးသွားမိဘပြည်သူတွေကို ပြောချင်ပါတယ်” ဟု Mon Liberation Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လတ်တလော ကျိုက်မရောမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို ဆက်တိုက် လုပ်ဆောင်လာကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





