30 C
Yangon

လောင်းလုံး စခန်းကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်၊ ကြို့ပင်ကောက် ဘော်ဘင်ဆည်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း ၁ ဦး ခြေထောက်ပြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းများ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့ညပိုင်းက လက်နက်ကြီး ၂ လုံး စခန်းကြီးရွာဘက်ကို လာကျတယ်။ ဘယ်ကပစ်လိုက်မှန်းမသိဘူး။ အဲဒီစခန်းကြီးရွာဘက်မှာတော့ ကြောက်လို့ရှောင်‌တဲ့သူတွေလည်းရှိတယ်။ ရွာလုံးကျွတ်တော့မဟုတ်ဘူး။ တချို့ရွာထဲနေတဲ့ သူတွေလည်းနေကြပါတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ဘော်ဘင်ဆည်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း ကိုမျိုးကြီး ခြေထောက်ပြတ်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အမှတ် ၁ ရှိ ကြို့ပင်ကောက်​ မြို့အတွင်းရေကန်များကို ရေဖြည့်ရန် အတွက် ဘော်ဘင်ဆည်အမှတ် ၁ သို့ ရေလွှတ်ပေးရန် သွားရောက်စဉ် သစ်လုံးဆောင် (ခေါ် ) ၂ ဝင်နှစ်ရုံး ဝင်ရာအပေါက်ဝတွင် ဆည် ဝန်ထမ်း ကိုမျိုးကြီး အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း ကိုမျိုးကြီးသည် ခြေထောက်နှင့် ခန္ဓာကိုယ် အစိတ်ပိုင်းများပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ခြေထောက် ပြတ်သွားကာ ခန္ဓာကိုယ် အစိတ်ပိုင်းမှ အရိုးများ ကျိုးထွက်သွားကြောင်း၊ လက်ရှိချိန်တွင် ကိုမျိုးကြီးကို ရွှေတောင်ဆေးရုံသို့ပို့​ ဆောင်ထားကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်က ထောင်ထားသော နင်းမိုင်းကို နင်းမိပြီး ဆည်ဝန်ထမ်း ကိုမျိုးကြီး ခြေထောက်နဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေ ပြင်းထန် ဒဏ်ရာ ရရှိပြီး ခြေထောက်တွေ ပြတ်သွားတယ်လို့ သိရတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းကလည်း အသားတွေ အရိုးတွေ ပြတ်ကျခဲ့တာတွေ့ရတယ်။ အခုလူနာတင်ကားနဲ့ ရွှေတောင်ဆေးရုံကို ပို့​ဆောင်ထားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော မိုင်းနင်းမိခဲ့သည့် သစ်လုံးဆောင် (ခေါ် ) ၂ ဝင်နှစ်ရုံး

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article