36 C
Yangon

လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင် အထည်စက်ရုံနှင့် လှိုင်သာယာမြို့နယ်ရှိ မြို့မရဲစခန်းတို့ကို ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင် အထည်စက်ရုံနှင့် လှိုင်သာယာမြို့နယ်ရှိ မြို့မရဲစခန်းတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၂ မိနစ်အချိန် ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံဂိတ်မှ လုံခြုံရေး စစ်သားများကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းရှိမြို့မရဲစ ခန်း ထဲသို့ အဝေးပစ်လောင်ချာဖြင့် ၄၀မမ ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်း၍ထိထိရောက်ရောက်ပစ်ခတ်တိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article