ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်ကို ဖိတ်ပြီး ကျားဖြန့်တိုက်ဖျက်ရေးအကြောင်းပြကာ နှစ်နိုင်ငံတည်ငြိမ်ရေး၊ သတင်းဖလှယ်ရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်နဲ့ တပ်သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
- ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ အကြမ်းဖက် စစ်တပ်ကို ထိုးစစ် ဆင်တော့မှာဖြစ်လို့ ဒေသန္တရအတွင်း အရေးပေါ်ကာလ သတ်မှတ်လိုက်ပြီး ပြည်သူတွေအနေနဲ့ ရိက္ခာ၊ ဆေးဝါးနှင့် အရေးကြီး ပစ္စည်းများ ကြိုတင်ပြဆင်ထားဖို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၂ တပ်ရင်း သတင်းပြန်ကြား တာဝန်ခံ ရဲဘော် Red Star က ပြောပါတယ်။
- မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်က ကလန်း မဲရူးဈေးကြီးကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက် စီးနင်းစဉ် အထောက်အထားမဲ့မြန်မာနိုင်ငံသားအယောက် ၅၃၀ ဦး ဖမ်းဆီးခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
