28 C
Yangon

နောင်ချို တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက် ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ကာ ၄ ဦးမှာ ဒဏ်ရာ ပြင်း ထန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ တိုက်ပွဲများတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ အသုံးပြုများ တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောင်ချိုမြိုနယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မ တော်(TNLA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ယမန် နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုအဆိပ်ငွေ့ဗုံးကြောင့် TNLAတပ်သား ၁၀ ဦး ထိခိုက်ဒဏ် ရာရပြီး ၄ ဦးတို ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ် ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူး လွန်နေကြောင်း၊ ထို့ပြင် ယခုလအတွင်း အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လက်နက် ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကျဲမှုများကြောင့် ကလေးငယ် အပါအဝင် အရပ် သား ၇ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်း ကြီး ကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁ လုံး ထိမှန် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article