29 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိတဲ့ နတ်ရေကန်ဗျူဟာစစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်း၊ ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံက ဒဏ်ရာပြင်းထန်တဲ့စစ်သားတွေကို မင်္ဂလာဒုံဆေးရုံကို ပို့ဆောင်ဖို့ ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားတွေနဲ့ မပို့ရဲဘဲ ကြောက်လန့်နေတဲ့အတွက် ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်းနေတယ်လို့ ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချခဲ့ရာ လက်ရှိအချိန်အထိ အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်း တွေကို ဆက်လက်ရှာဖို့ လေယာဉ်အန္တရာယ်ရှိနေတဲ့အတွက် အလုပ်မတွင်ကျယ် သေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article