29 C
Yangon

မလေးရှားရှိ စက်ရုံများကို ဝင်ရောက်စီးနင်းစဉ် ပုန်းအောင်ထွက်ပြေးရန် ကြိုးစားသည့် မြန်မာနှင့် နိုင်ခြားသား ၄၃၀ နီပါး ထပ်မံ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများဆုံး အလုပ် လုပ်ကိုင်နေသည့် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်တွင် စက်ရုံ ၁၂ ရုံကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနှင့်နိုင်ငံခြားသား ၄၃၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းများအရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်ရှိ နိုင်ငံခြားသားများ လုပ်ကိုင်နေကြသည့် အီလက် ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့မှ စီးနင်းခဲ့ကြောင်း Malaysia Gazette သတင်းဌာနက ဖော်ပြသည်။

အဆိုပါ စက်ရုံများက နိုင်ငံခြားသား ၇၄၅ ဦးကို စစ်ဆေးခဲ့ပြီး အထောက်အထား အပြည့်အစုံရှိသည့် ၃၁၇ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အထောက်အထားမဲ့ နိုင်ငံခြားသား ၄၂၈ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Jafri Embok Taha က “စက်ရုံ ၁၂ ရုံမှာ အဖမ်းခံရတဲ့ အလုပ်သမားတွေ အားလုံးက ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါနဲ့ အသက် ၂၀ နဲ့ ၅၀ ကြားတွေပါ “ဟု ပြောဆိုသည်။

ဖမ်းဆီးခံရမှုတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်း၊ တရုတ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဆူဒန်နိုင်ငံသားများဖြစ်ကြပြီး ဖမ်းဆီးခံရသည့်အထဲတွင် မြန်မာနိုင်ငံသားအရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မလေးရှားလူဝင်မှုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Jafri Embok Taha က ” တရားမဝင် နိုင်ငံခြားအလုပ်သမား (PATI) က ပုန်းအောင်းပြီး ထွက်ပြေးဖို့ ကြိုးစားပေမယ့် ကြိုးပမ်းမှု မအောင်မြင်လို့ ဖမ်းဆီးခံခဲ့ရတာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံ ၁၂ ရုံတွင် တရားမဝင် အလုပ်လုပ်ကိုင်စေသည့် မလေးရှားနိုင်ငံသား အလုပ်ရှင် ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး အရေးထားကြောင်း လက်ထောက်ညွှန်ကြားရေးမှူးချုပ် Jafri Embok Taha က ပြောသည်။

နိုင်ငံခြားသား အလုပ်သမားအားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/ ၆၃ ပုဒ်မ ၃၉ (ခ)နှင့် ၁၅(၁) (ဂ) အရ (၃၉)ခ(ခ) နှင့် ပုဒ်မ(၁၅)ဂ သိမ်းထိန်းရေးစခန်း ပီကန်နီနစ် ၊ ဂျိုဟိုးနှင့် မာချက်အန်ပူး မာလာကာ စခန်းများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ထိုင်း – မလေးရှားနယ်စပ် တစ်နေရာမှာ မလေးရှားနိုင်ငံကို ဝင်ရောက်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article