ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
အကြမ်းဖက် စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား ထီးတင်ပွဲသို့ ရောက်ရှိနေသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် မြတ်ကျော် လုံခြုံရေးအတွက် စစ် ကိုင်းမြို့အဝင် ဆိုင်းဘုတ်အနီး စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပေါ်တွင် ကင်းစောင့် နေသော စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး နေရာမှာ ပင် ပွဲချင်းပီး သေဆုံးပြီး ကျန် ၁ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။
“စကစခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ အဖွဲ့တွေ မနက်ပိုင်းကတည်းက ဆွမ်းဦးပုညရှင်ထီးတော်တင် ပွဲရောက်နေတာ၊ နောက် ပြီးတော့ ကြေးနီတင်ကားတန်းတွေလည်းရှိတယ်။ ဘုရားထီးတင်ပွဲက ဒီနေ့ လုပ်တယ်လို့ ကြားတယ်၊ ကြေးနီတင်ကားတန်းတွေလည်း ဒီနေ့ထွက်လာပြီ။ လက်နက်တွေတော့ မရလိုက်ဘူး။ အနီးမှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်ထဲက လက်နက်ကြီးပစ်ကူပေးနေတာရယ်၊ အနီး အ နားမှာရှိတဲ့ တခြားကင်းအဖွဲ့တွေလည်းက လာပြီးပစ်ကူပေးနေလို့ ပြန်ဆုတ်ခဲ့ရတာပါ” ဟု လင်းယုန် ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင် ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကျေးရွာများ အတွင်း သို့လက်နက်ကြီးဖြင့် ၅ လုံးရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညောင်ပင်စဉ်နေ အသက် ၅၅ နှစ် အရွယ် အမျိုးသား ၁ ဦး နှင့် မြင်းမွှေးကျေးရွာနေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
