29.7 C
Yangon

ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ အိမ်စီးကားများဖြင့် ပြန်လာသည့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါသောကားတန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အိမ်စီးကား ၅ စီးဖြင့် ပြန် လာသည့် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးနှင့်အဖွဲ့ကို ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တတိ ယ မြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တိုင်းမှူးဒဏ်ရာရတယ်လို့ မကြားမိဘူး။ တိုင်းမှူးက ဒုတိယမြောက်ကားမှာပါသွားတာဆိုတော့။ ထိတာက တတိယမြောက်ကားကို တည့်တည့် ထိမှန်အောင် ဆွဲနိုင်ခဲ့တာ။ ကားကိုထိပြီးတော့ ကျ နော်တို့ဘက်က ချုံခိုတိုက်ခိုက်မှာတွေ စိုးရိမ်တဲ့အတွက် စွမ်းရည်ဆီဆိုင်အထိမောင်းသွားတာ၊ အဲဒီ မှာတော့ ရပ်တယ်။ နောက် ဆက်တွဲသတင်းအနေနဲ့ကတော့ စစ်ကောင်စီတပ်သား ၃ ဦးအပြင်း အထန် ဒဏ်ရာရတယ်လို့ပဲ သတင်းရရှိထားတယ်။ စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်ဘက် ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတော့ရှိတယ်” ဟု Royal Tiger Force ပြောက်ကျား တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ နှင့် Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း MNDAA က လားရှိုးနှင့်အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်း ပိုက်စဉ် စစ်သုံ့ပန်းအဖြစ် စကခ ၁ မှူး ရာထူးဖြင့် ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်သည်။

ဓာတ်ပုံ – တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article