27.3 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ကို ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ စတင်လိုက်ပြီး မတ်လ ၉ ရက်နေ့မှာ နေပြည်တော်ကို ပြန်ရောက်မှာဖြစ်သလို အဲ့ဒီ့ ရုရှားခရီးစဉ်အတွက် လုံခြုံရေးစိုးရိမ်လို့ဆိုပြီး မင်းအောင်လှိုင်ဟာ သူ့လက်အောက်ခံ အရပ်ဘက်ဝန်ထမ်းတွေကို မသုံးဘဲ စစ်အရာရှိတွေကသာ အဓိကလျှို့ဝှက်လုပ်ဆောင်ရတာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်းက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ လက်ချက်နဲ့ပဲ စစ်တပ်အမာခံ မဘသအစွန်းရောက်မိသားစုအသိုင်း အဝိုင်းက စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း ဆိုသူဟာ ပွဲချင်းပြီးကို သေသွားပြီး သူ့ရဲ့ မသာအလောင်းကို နေပြည်တော်အထိသယ်ပြီး သဂြိုလ်လိုက်ရတယ်လို့ မဘသအစွန်းရောက်အဖွဲ့ဝင် မိခင် ဒေါ်ခင်ညိုညိုဆိုသူကိုယ်တိုင် လူမှုကွန်ယက်ကနေတဆင့် ကြေညာထားချက်အရသိရပါတယ်။
  • ကရင်ပြည်နယ်က မြ၀တီမြို့ကို ၉ လကျော် ကြာတဲ့အထိ မရောက်နိုင်သေးတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ အောင်ဇေယျ စစ်ကြောင်းက အရာရှိတွေဟာ အောက်ခြေ ရဲဘော်တွေကို အငတ် ထားပြီး အသေခံ တိုက်ခိုင်းနေတယ်လို့ ခလရ ၉၄ တပ်ရင်းက အလင်းဝင် တပ်သား နိုင်လင်းထွန်း ကပြောဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article