27.3 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့က ဒေါပုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်း လိုက်ကောက်နေ တဲ့အချိန် ဓါတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရတဲ့အထဲက နောက်ထပ် ဆယ်အိမ်မှူး အမျိုးသမီးကြီးပါ ထပ်မံ သေသွားပြန်ပြီး ၊ ပထမသေတဲ့သူ ရာအိမ်မှူး နှုတ်ခမ်းမွှေး နဲ့ ၄ ရက်သာခြားပြီး သေတာဖြစ်တယ်လို့ လည်း ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ တိုက်ပွဲတုန်းက MNDAA တပ်ဆီမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် အေးမင်းဦး ဆိုသူဟာ လက်ရှိ စစ်ဌာန ချုပ်နေရာ အတည်တကျ မရှိတဲ့ ရမခ တိုင်းစစ်ဌာန်ချုပ်ရဲ့ တိုင်းအမှူးအသစ်အဖြစ် ခန့်အပ်ခံရပြန် တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကတဆင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
  • ပခုက္ကူ နဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်မှုထမ်း တပ်သားသစ် ၂ ဦးဟာ လက်နက်တွေနဲ့အတူ မရမက ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article