34 C
Yangon

တောင်သာ၊ နတ်စောင့်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် ပြာကျကာ ရွာလုံးကျွတ် ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မတ် ၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ် နတ်စောင့်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် ပြာကျကာ ရွာထဲကို စစ်တပ် စစ်ကြောင်း ရောက်ရှိလာ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်းသိရသည်။

ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်စောင့်ရွာကို ဝင်ရောက် စီးနင်းလာသောကြောင့် လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“နတ်စောင့်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဗုံးကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်သေဆုံးမှုထဲမှာ ကလေးငယ်တွေလည်း ပါတယ်လို့ သိရပေးမယ့် အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ မနေ့က စစ်တပ်က ဗုံးကျဲပြီး အခုရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုရွာထဲကို စစ်ခွေးတွေ ဝင်ရောက် စီးနင်းနေတယ်။ မနေ့က ဗုံးကျဲ ခံရလို့ ရွာထဲက အိမ်ခြေ ၃၀ လောက် ပြာပုံဖြစ်သွားတယ်။ အခုမနက်ပိုင်း နယ်မြေရှင်းလင်းဖို့ လုပ်နေတဲ့ အချိန် စစ်ခွေးတွေနဲ့ ပျူစောထီးတွေ ရောက်လာတော့ အချက်အလက်ကောက်ဖို့ ခက်နေတာပေါ့။ ပြည်သူ သေဆုံးမှု စာရင်းကတော့ အတိအကျသိရတယ်။ ပြည်သူ ၆ ဦးသေဆုံးတယ်။ ဒဏ်ရာရရှိသူတွေကတော့ ၄ ဦးလို့ကြားတယ်။ အမည်နဲ့ အသက်အရွယ်တွေကို အတည်မပြုနိုင်သေးတာ” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများအပေါ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ အချိန်မရွေး ပြုလုပ်နေသော ကြောင့် ဗုံးခိုကျင်းများ စနစ်တကျတူးထားကြရန်နှင် အထူးသတိထားပြီး နေထိုင်ကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ – တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်များ ပျက်စီးပြာကျမှုမြင်ကွင်း။

Photo – နွားထိုးကြီး ဂျာနယ် ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article