34 C
Yangon

ရုရှား ပူတင်နှင့်တွေ့ဆုံခဲ့ရမှု အလွန်အောင်မြင်အကျိုးဖြစ်ထွန်းဟု မင်းအောင်လှိုင်က စိုးဝင်းနှင့်နေပြည်တော်မှ ဗိုလ်ချုပ်များကို ဝမ်းသာအားရ အကြောင်းကြား၊ မတ်လ ၉ ရက်နေ့ အိမ်ပြန်ခရီး ခမ်းခမ်းနားနားကြိုကြမည်

Must read

ရန်ကုန်၊ မတ် ၆

ရုရှား ခေါင်းဆောင် ပူတင်နှင့်တွေ့ဆုံခဲ့ရမှုမှာ အလွန်အောင်မြင်အကျိုးဖြစ်ထွန်းသည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် စိုးဝင်းနှင့် ဗိုလ်ချုပ်များကို ဝမ်းသာအားရ အသိပေးအကြောင်းကြားလာကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ရုရှား ခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံခဲ့ရမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ကြောင်း၊ ရုရှားနှင့်မြန်မာတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုမြန်ဆန်နွေးထွေးမည်ဖြစ်ပြီး ယခုခရီးစဉ်၏ အောင်မြင်မှု အသီးအပွင့်များကို မကြာခင် တွေ့မြင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရစ်ခဲ့သော ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ဗိုလ်ချုပ်များကို အသိပေး အကြောင်းကြားလာကြောင်း သိရှိရသည်။

ပုံမှန်အားဖြင့် ရုရှားသို့ သွားရောက်သည့် ခရီးစဉ်များတွင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရှိနေသည့် ဗိုလ်ချုပ်များကို ဆက်သွယ်လေ့မရှိဘဲ နေပြည်တော်မှ တင်ပြလာသည့် အကြောင်းအရာများကို နားထောင်လေ့ရှိကြောင်း၊ ယခုအခါတွင် ပုံမှန်မဟုတ်ဘဲ မင်းအောင်လှိုင်မှာ အလွန်ပျော်ရွှင်စွာဖြင့် ခရီးစဉ်အောင်မြင်သည်ဟု နေ ပြည်တော်မှ ကျန်ရစ် စစ်ဗိုလ်ချုပ်များထံသို့ အသိပေး အကြောင်းကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မင်းအောင်လှိုင်မှာ ပူတင်နှင့်တွေ့ဆုံပြီးနောက် အလွန် စိတ်အားတက်ကြွနေပြီး ပျော်ရွှင်မြူးတူးနေကြောင်း၊ ၎င်း၏ လက်ထက်တွင် ရုရှားနှင့် အလွန်နီးကပ်သော ဆက်ဆံရေး ရရှိပြီး စီးပွားရေး၊ စစ်ရေး ကူးသန်းမှုများ တိုးမြှင့်နိုင်သည့်အပြင် နူကလီးယားဓာတ်ပေါင်းဖို ပိုင်ဆိုင်တော့မည်ဟု ဂုဏ်ယူစွာ ပြောဆိုနေကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် လတ်တလော ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေပြီး မတ်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ရာ အောင်မြင်သော ခရီးစဉ်အဖြစ် မင်းအောင်လှိုင်က ဂုဏ်ယူနေသည့် အိမ်ပြန်ခရီးစဉ်အတွင် ခမ်းခမ်းနားနားကြိုဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article