34 C
Yangon

ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော လူငယ်တချို့ စစ်မှုထမ်းတပ်သားများအဖြစ် ပြန်လည်တွေ့ရှိရ

Must read

ရန်ကုန်၊ မတ် ၆

ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူမပြည့်သေး၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပျောက်ဆုံးနေသော လူငယ် တချို့ စုဆောင်းရေးတပ်ထဲရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ၈၆ ဂိတ်ဟောင်း မှတ်တိုင်အနီးရှိ မင်္ဂလာကွက်သစ်တွင် စစ်တပ်က လူငယ် ၅ ဦးကို စစ်မှုထမ်းရမည်ဟု ပြောဆိုကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးချိန်တွင် လူငယ်များ အချိန်မှီ တိမ်းရှောင်နိုင်သောကြောင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

” ၂၀ ရပ်ကွက် ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးက မင်္ဂလာကွက်သစ်မှာ စစ်ခွေးနဲ့ ရပ်ကျေး ပျူစောထီးတွေ ပူး ပေါင်းအဖွဲ့က လူငယ်၅ ဦးကို စစ်မှုထမ်းရမယ်ဆိုပြီး လာခေါ်တယ်။ တစ်ယောက်မှတော့ မပါသွားဘူး လမ်းကြိုလမ်းကြားကနေ လူငယ်တွေ ထွက်ပြေးတာ ကံကောင်းလို့ လူငယ်တွေအားလုံး လွတ်မြောက်သွားတယ်။ ရပ် ကွက်ထဲလည်း ပြည်သူတွေ တော်တော်ကို အထိပ်တလန့်ဖြစ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်တွင် နေထိုင်သော မတ်လ အတွင်းက ပျောက်ဆုံးသွားသော ညီအကို ၂ ဦးကို ရှမ်းပြည်နယ် စုဆောင်းတပ်ထဲတွင် ပြန်လည်တွေ့ရှိရကြောင်း မိဘဆွေမျိုးများက ပြောဆိုသည်။

“အခုလအတွင်းက လှိုင်သာယာ ၉ ရပ်ကွက်ထဲမှာ ညီအကို ၂ ဦး ပျောက်ဆုံးနေတာ ဘယ်လိုမှ ရှာတာမတွေ့ဘူး။ သူတို့က သုံးဘီးလည်းမောင်းတယ်။ အရန်မီးသတ်လည်း လုပ်ဖူးတယ်။ ပြီးတော့မှ သိရတာက ရှမ်းပြည်နယ် စုဆောင်းရေးတပ်ထဲမှာ ပေါ်တာဆွဲခံရတာလို့ သိရလို့ မိသားစုတွေ လိုက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အတူ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အနော်မာ ရပ်ကွက်တွင်လည်း နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသည့် လူငယ်များ၏ မိသားစုဝင်များကို အကြမ်းဖက် စစ်တပ်က ရပ်ကွက်ရုံးတွင် အစည်းအဝေးခေါ်ယူ၍ ငွေညှစ်မှုများ၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အနော်မာ ရပ်ကွက်မှာ နိုင်ငံခြား ရောက်နေတဲ့ လူငယ်တွေရဲ့ မိဘတွေကို အစည်းဝေးခေါ်ပြီး စစ်ခွေးတွေက ငွေညှစ်တာတွေ စစ်မှုထမ်း ဥပဒေနဲ့ ခြိမ်းခြောက်တာတွေ လုပ်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူပြည့်မှီခြင်းမရှိသေး၍ လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့တွင် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲ ထိဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ယင်းနေ့တွင်လည်း ပုလောမြို့ အဝင်တံတားစစ်ဆင်ရေးဂိတ် အမျိုးသား ၂ ဦးဆိုင်ကယ် စီးလာသည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ် ၂ ဦးလုံးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ မတ်လ ၅ ရက်နေ့တွင် ပုလောမြို့ အထွက် ရန်ကုန်မြို့ဘက်သို့ သွားရောက်သည့် လမ်းပိုင်းရှိ ရဲစခန်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ဓမ္ဘီဆင်မသေကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ဝင်းမျိုးဆိုသူက ကျေးရွာအတွင်း နေထိုင်သော စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ရဲခေါ်၍ ဖမ်းဆီးခိုင်းနေခြင်းကြောင့် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ဓမ္ဘီဆင်မသေကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မျိုးဝင်းက စစ်မှုထမ်းတွင် လတ်တလော ပါဝင်ခြင်းမရှိသေးသော လူငယ်များထံမှ ၁ ဦးလျှင် ၁ သိန်းကျပ် တောင်းခံလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article