ဒီကနေ့ မတ် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား စစ်ခေါင်းဆောင် ပူတင် နဲ့ တွေ့ဆုံခဲ့ရမှုဟာ အလွန် အောင်မြင်အကျိုးဖြစ်ထွန်းတယ်ဆိုပြီး နေပြည်တော်မှာကျန်ခဲ့တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ ဗိုလ်ချုပ်တွေကို အားရဝမ်းသာနဲ့ အကြောင်းကြားလာတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းအထိထိုးဖောက်ဝင်ရောက်နေတဲ့ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကို စိုးရိမ်လို့ဆိုပြီး ပြည်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲစခန်း၊ ကင်းစခန်း နဲ့ စစ်တပ်အထိုင် စခန်းတွေ ကို ဘန်ကာတွေ ၊ ဝါးချွန်တွေနဲ့ လုံခြုံရေးတွေ တိုးမြှင့်နေပြန်ပြီး ၊ မြို့စောင့်တပ်အဖြစ် ပျူစောထီး တွေကိုပါ လက်နက်တပ်ဆင်ဖို့ လုပ်နေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်နဲ့ ဒေသတွင်း သတင်းရင်းမြစ်က ပြောထားပါတယ်။
- မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဆင်ဖြူကျွန်း မြို့မ ရဲစခန်းမှူးရဲအုပ် သိန်းလွင် ဆိုသူ လက်ဖက်ရည်ဆိုင် ထိုင်သောက်နေတဲ့အချိန် ပစ်ခတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
