ရန်ကုန်၊ မတ် ၁၂
မြန်မာနိုင်ငံတွင် စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် သုညဖြင့် စတင်ခဲ့ရသော တော်လှန်ရေးမှာ ၄ နှစ်ကျော်ကြာ မြင့်လာချိန် နိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်သော်လည်း ထောက်ခံအားပေးမှု နှင့်ကြံ့ကြံ့ခံမှုလိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။
မတ်လ ၆ ရက်နေ့တွင် Asia Society က ကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များ ဆွေး နွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အကူအညီအများကြီးလိုအပ်ပါတယ်။ ကျနော်တို့ ပြည် သူတွေက ကြံ့ကြံ့ခံပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေပါတယ်။ပြည်သူတွေရဲ့ ကြံ့ကြံ့ခံ တွန်း လှန်မှုများကြောင့် ကျနော်တို့ အနိုင်ရနေပြီး အကြမ်းဖက်စစ်အုပ်စုက ကျရှုံးနေတယ်ဆိုတာကို ကျ နော် အသေအချာ ပြောနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးက သုညကနေစခဲ့တဲ့ တော်လှန်ရေး ဖြစ်ပါ တယ်။ အခုဆိုရင် ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားတော် လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါ တယ်။” ဟု မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ထို့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက မြန်မာနိုင်ငံလက်ရှိအခြေအနေ၊ နိုင်ငံတကာအခန်းကဏ္ဍ၊ အာဆီယံအခန်းကဏ္ဍ စသည့် အ ကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာပြည်သူများ၊ မြန်မာနိုင်ငံ၏မိတ်ဆွေများကို တော်လှန်ရေးတွင် ဆက်လက်ပါဝင်ထောက်ခံပေးကြရန်အတွက်လည်း တောင်းဆိုသည်။
“ကျနော်တို့ တော်လှန်ရေးက ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူကို ဦးတည်ထားတဲ့ တော်လှန်ရေးဖြစ်ပါ တယ်။ ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ပါဝင်မှု ဒါအပြင် ဆိုရှယ်မီဒီယာ၊ နည်းပညာများရဲ့ အ ထောက်အပံ့တွေကြောင့် တော်လှန်ရေးကိုပိုပြီးရှေ့ရောက်စေတာပါ။ ဒါတွေကြောင့်ပဲ ကျနော်ဒီနေ့ လို ဆွေးနွေးပြောဆိုခွင့် ရတာပါ။ မြန်မာပြည် ပြည်တွင်းမှာရှိနေတဲ့ပြည်သူများ၊ မြန်မာပြည် ပြင်ပမှာ ရှိနေတဲ့ပြည်သူများ၊ အထူးသဖြင့် လူငယ်များနှင့် မြန်မာနိုင်ငံရဲ့မိတ်ဆွေများကို ကျေးဇူးအများကြီး တင်ပါတယ်။ ၄ နှစ်တာကာလအတွင်း သူတို့တွေရဲ့ ကြံ့ကြံ့ခံတွန်းလှန်မှုများကြောင့် ကျနော်တို့ တော်လှန်ရေးက အောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဒီနေ့အခွင့်ရတုန်းမှာ သူတို့အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အားလုံးရဲ့ ပါဝင်မှု၊ ကြံ့ကြံ့ခံမှုများကို ကျေးဇူး တင်ပါတယ်။ အားလုံးရဲ့ပါဝင်မှု၊ ထောက်ခံမှု၊ ကြံ့ကြံ့ခံမှုများကို ဆက်လက်လိုအပ်နေပါသေးတယ်။ ဒါကြောင့်ဘယ် နည်းလမ်းများနှင့်မဆို ကျနော်တို့ မြန်မာပြည်သူများအတွက်၊ ကျနော်တို့ မြန်မာပြည်တော်လှန်ရေး အတွက် ဆက်လက် ပါဝင်ပေးကြပါ၊ ထောက်ခံပေးကြပါ။ အတူတကွတွန်းလှန်လျှင် ကျနော်တို့ အနိုင်ရမှာသေချာပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Sean Turnell နှင့် Asia Society ၏ Executive Vice President and Chief Operating Officer Debra Eisenman တို့တက်ရောက်ဆွေးနွေးခဲ့ကြပြီး အမေရိကန်သံရုံး အရာရှိချုပ်ဟောင်း Priscilla Clapp က အွန်လိုင်းမှတဆင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
