32 C
Yangon

ပုဏ္ဏားကျွန်းနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးဒဏ်ရာရပြီးနေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၂

အာရက္ခတပ်တော် AA ကထိန်းချုပ်သိမ်းပိုက်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းဒေသကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ လူနေအိမ်များ မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၅ လုံး ပျက်စီးသွားကြောင်း ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။

“ကွမ်းတောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကျဲသွားတယ်။ အဲဘက်မှာ တပ်တော်က လူတွေရှိတယ်ထင်ပြီးတော့ ကြဲတာ။ အရပ်သားတွေကတော့ ဟိုအရင်ကတည်းက နေရာပြောင်းရွှေ့ထားတော့ လူတွေ ထိခိုက်မှုတော့ မရှိဘူး။ နေအိမ် ၅ ဆောင်လောက် ပျက်စီးသွားတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ပုဏ္ဏားကျွန်း ကွမ်းတောင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ည ၇ နာရီ ၁၁ မိနစ် အချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ကြိမ်၊ ဗုံးအလုံးရေ ၁၅ လုံးထက်မနည်း ကျဲချသွားပြီး စစ်ဘေးရှောင် ပြည်သူတစ်ဦး ဒဏ်ရာရကာ စစ်ဘေးရှောင်တဲများ ပျက်စီးသွားကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေး CTER-Karenni အဖွဲ့က သတင်းထုတ်ပြန်သည်။

“စစ်ရှောင်စခန်းတစ်ခုတည်းကို လေယာဉ်သုံးကြိမ်လာကြဲတယ်။ ဗုံးအလုံးရေ ၁၅ လုံးလောက်ကျဲသွားတယ်။ စခန်းတစ်ခုလုံးကို နေရာလွတ်မရှိအောင်ကျဲသွားတာ” ဟု ဒေသခံတစ်ဦးကိုကိုးကား၍ သတင်းဖော်ပြထားသည်။

စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး စစ်ဘေးရှောင်များ၏ နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ မတ်လ ၁၁ ရက်နေ့ စစ်ကောင်စီ၏ ဗုံးကျဲခံရသော ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနှင့် ကရင်နီပြည် ဒီးမော့ဆိုဒေသမှ စစ်ရှောင်စခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article