32 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့် ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ နှင့် ILOအဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများက တောင်းဆို

Must read

ရန်ကုန်၊ မတ် ၁၂

နိုင်ငံသားတစ်ဦး၏ ဒီမိုကရေစီ အခွင့်အရေး၊ လွတ်လပ်ခွင့်များ ဆုံးရှုံးရန် အတင်း အဓမ္မစစ်ကျွန်ပြုနေသော အကြမ်းဖက်စစ်တပ်ကို အရေးယူပေးပါရန် ဥရောပသမဂ္ဂ အစိုးရအဖွဲ့ဝင်များနှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့ (ILO) ၏ အဖွဲ့ဝင်နိုင်ငံများသို့ ရန်ကုန်သပိတ်အင်အားစုများက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။

ယနေ့ မတ်လ ၁၂ ရက်‌‌နေ့တွင် ရန်ကုန်သပိတ်အင်အားစုများက အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး စစ် တပ်၏ ရက်စက် ယုတ်မာအနိုင်ကျင့်မှုများကို ရပ်တန့်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ILO ၏ တိုက်တွန်းချက်များကို မလိုက်နာသဖြင့် လာမည့် မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် “ILO Governing Body ILO” အမှုဆောင်အစည်းအဝေးတွင် EU အဖွဲ့ဝင်နိုင်ငံများ၊ ILO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူ ရပ်တည်ပြီး စစ်ကောင်စီကို အရေးယူရန် ရန်ကုန်သပိတ်အင်အားစုများက တိုက်တွန်းသည်။

“Article 33 က ILO ၏ အလုပ်သမားအခွင့်အရေး စံနှုန်းတွေကို ချိုးဖောကေတဲ့ နိုင်ငံများကို ပြစ်တင်အရေးယူနိုင်တဲ့ တစ်ခုတည်းသော စည်းမျဉ်းဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်တဲ့ အရေးကြီးသော ပုဒ်မ ဖြစ်ပါတယ်။ ဒီပုဒ်နဲ့ အရေးယူနိုင်ဖိုအတွက် အိတ်ဖွင့်ပေးစာပေးရခြင်းဖြစ်ပါတယ်”ဟု ရန်ကုန် သပိတ်အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အိတ်ဖွင့် ပေးစာတွင် စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ဆက်ဆံရေးပြုလုပ်နေခြင်းကို ပြန်လည်သုံးသပ်၍ ရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများနှင့် တရားဝင် ထိတွေ့ဆက်ဆံရန်၊ စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကို ပယ်ချရန် တောင်းဆိုထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ချမှတ်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ် ချက်ကို ထိရောက် စွာ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အကြမ်းဖက်မှုများကို ထိရောက်စွာရပ်တန့်နိုင်ငံရေးအတွက် အကြမ်းဖက်စစ်အုပ်စု၏ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက်ရန်၊ နစ်နာသူ ပြည်သူလူထုအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ပြန်လည်ရရှိစေရေး၊ ILO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် အရေးယူ ဆောင်ရွက်ရာ၌ ရပ်တည်ဆောင်ရွက်ပေးရန် သပိတ်အင်အားစုများနှင့် အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article