32 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာဆောက်လုပ်ရေးလုပ်သား ၁၆ ဦးနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉ ဦးတို့ကို ထိုင်းရဲများက ဖမ်းမိ

Must read

ရန်ကုန်၊ မတ် ၁၂

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာဆောက်လုပ်ရေးလုပ်သား ၁၆ ဦးနှင့် အထောက် အထားမဲ့ ဝင်လာသူ မြန်မာနိုင်ငံသား ၉ ဦးတို့ကို ထိုင်းရဲများက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

မတ်လ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ၊ ပတ္တရားရှိ ရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား ၆ ဦးနှင့် မြန်မာတရားမဝင် ဆောက်လုပ်ရေးအလုပ်သမား ၁၆ ဦးတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများမှာ တရားဝင် စာရွက်စာတမ်း အထောက်အထား ခိုင်လုံစွာ မရှိသည့်အပြင် အလုပ်လုပ်ခွင့် မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

အလားတူ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ကားတစ်စီးအတွင်း ပြွတ်သိပ်၍ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

တရားမဝင် ဝင်ရောက် မြန်မာနိုင်ငံသား ၉ ဦးတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ဘုရားသုံးဆူလမ်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article