36 C
Yangon

ထိုင်း-ကရင်နီပြည် နယ်စပ် မယ်ဟောင်ဆောင်တွင် မြန်မာစစ်တပ်က ပစ်ခတ်လိုက်သည်ဟု ယူဆရသည့် လက် နက်ကြီးကျည် ထိုင်းနိုင်ငံပိုင်နယ်မြေအတွင်းသို့ ကျရောက်

Must read

ရန်ကုန်၊ မတ် ၁၃

ထိုင်း-ကရင်နီပြည် နယ်စပ် မယ်ဟောင်ဆောင်တွင် မြန်မာစစ်တပ်က ပစ်ခတ်သည့် ယူဆရသည့် လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

မတ်လ ၁၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်တွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ပစ်ခတ်လိုက်သည်ဟု ယူဆရသော လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံဘက်အခြမ်း မယ်ဟောင်ဆောင်ရှိ ဂေါ်ဖီခင်းအတွင်းသို့ ကျရောက်ခဲ့ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျရောက်သော လက်နက်ကြီးကျည်ကို ထိုင်းစစ်တပ်နှင့်အာဏာပိုင်များက သွားရောက် ကြည့်ရှုခဲ့ပြီး မယ်ဟောင်ဆောင် နယ်စပ်မှ ထိုင်းပြည်သူများအနေဖြင့် နယ်စပ်တွင်သတိထားသွားလာ ကြရန် တိုက်တွန်းပြောဆိုထားသည်။

ထိုင်းအာဏာပိုင်များက လက်နက်ကြီးကျည်ကို စစ်ဆေးနေစဉ် နယ်စပ်တိုက်ပွဲများမှ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရကြောင်း၊ ထိုင်းအာဏာပိုင်များ၏ စိစစ်ချက်အရ လက်နက်ကြီးကျည်သည် မြန်မာစစ်တပ်က ပိုင်ဆိုင်သည်ဟု ယူဆရကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article