ဒီကနေ့ မတ် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို KNLA-PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး အဲဒီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့အတွက် ထိုင်းစစ်တပ်က အကူအညီပေးထားရတယ်လို့ ထိုင်းသတင်းတွေ မှာဖော်ပြထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ ပြင်းအားမြင့် ဗုံးတွေ နဲ့ နည်းပညာမြင့် ဒရုန်းတွေကိုပါ ဆက်တိုက်အသုံးပြုနေပြန်သလို သူတိုစစ်တပ်ရဲ့ အမှတ် ၇ ကပစ စက်ရုံကနေ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေပါ တိုးမြှင့်ထုတ်လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက မိုးညိုမြို့နယ်၊ လေးအိမ်တန်းကျေးရွာမှာနေတဲ့ ကိုရဲလင်း ဆိုသူကို အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ညအိပ်နေတဲ့အချိန် ခြင်ထောင်ထဲကနေ ဆွဲထုတ်ပြီး စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
