ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးလမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် ပျူစောထီး ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှ စ၍ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အထိ ရွှေဘိုမြို့နယ် ရွှေ ဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနှင့် ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိလာသော စစ်သားနှင့် ပျူစောထီး များကို ဒရုန်းဖြင့်ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အ ပြင် ဥသျှစ်ကန်သုဿန်အတွင်းမှ ထွက်လာသောစစ်သားနှင့် ပျူစောထီးများကိုလည်း ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စစ်အသုံးအဆောင် ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“မနေ့ကအထိတော တိုက်ပွဲမှာ ၅ ဦးသေပါတယ်။ ပြန်ဆုတ်မသွားသေးဘဲ အခုထိရှိနေပါသေးတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါစစ်သားနှင့် ပျူစောထီးများမှာ ပန်ရံရွာ၊ ခွန်တောင်ကြီးရွာ၊ ဇီးကုန်းလေးရွာနှင့် ဇီးဖြူကုန်းပျူစော ထီးရွာတို့မှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရွှေဘိုမြို့ မေဂွန်ရွာသို့ ကား ၂ စီးဖြင့် စစ်ကူများ ရောက်လာခြင်း၊ ရွှေဘိုမြို့ ခလရ ၄၂ တပ် ၊ ရွှေဘို မြို့ ကညနရုံး ၊ ရွှေဘိုကန်တော်တို့၌ တပ်စွဲထားသော စစ်သားများက ၁၂၂ မမ လက်နက်ကြီး များ ဖြင့် အဆက်မပြတ် ပစ်ကူပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့ (PDO)မှ ဦးဆောင်ကာ၊ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့ ၊ တိုက် နယ်-၅ (ပကဖ) အဖွဲ့ ၊ တိုက်နယ်-၁ (ပကဖ) နှင့် တိုက်နယ်-၂ (ပကဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
