36 C
Yangon

ပုလောတွင် စစ်တပ်နှင့်အတူ ကျေးရွာများကို မီးရှိဖျက်ဆီးနေသူ ပျူစောထီး ခေါင်းဆောင် သိန်းဇော်အေး ပစ်ခတ်ခံရပြီ သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

တနင်္သာရီတိုင်း၊ ပုလောမြိုနယ်တွင် ကျေးရွာများကို မီးရှိဖျက်ဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ပျူစောထီး ခေါင်းဆောင် သိန်းဇော်အေးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလောမြိုနယ်၊ ရှပ်ပုံကျေးရွာ ပျူစောထီးအဖွဲ ခေါင်းဆောင် သိန်းဇော်အေးသည် မင်းသီရီကျေးရွာလမ်း၌ သွားလာနေစဉ် တော်လှန်ရေး တပ်ဖွဲများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် သိန်းဇော်အေးသည် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခါစတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့သော CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ငွေကြေးတောင်းခံခြင်း၊စစ်တပ်စစ်ကြောင်းနှင့် အတူ လိုက်ပါ၍ ကျေးရွာများကို မီးရှိခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ထားသူဖြစ်ကြောင်း သိရှိရသည်။

“ဖက်ဆစ်စစ်တပ်ရဲ့ လက်အောက်ခံတွေ အနေနဲ့ အသာတကြည် လက်နက်ချ အလင်းမဝင်ရင် ချေမှုန်းတာ ခံရမယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတိုက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် ဖက်ဆစ်စစ်တပ်၏ ထောက်တိုင်မှန်သမျှကို တုံဆိုင်းခြင်းမရှိပဲ ဖြိုဖျက်သွားမည်သာ ဖြစ်၍ ဖက်ဆစ်စစ်တပ်၏ လက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အသာတကြည် လက်နက်ချ အလင်းဝင်ရန် ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article