29 C
Yangon

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ တိုက်ခန်းများကို အကြမ်းဖက် စစ်တပ်က ကျူးကျော်ဟုဆိုကာ အတင်း အဓမ္မ ဖျက်ဆီး၊ နှစ် ၃၀ နေထိုင်ခွင့်ဖြင့် ၂၀၀၅ ခုနှစ်တွင် စစ်တပ်က ရောင်းချခဲ့သည့် တိုက်ခန်းများဖြစ်

Must read

ရန်ကုန်၊ မတ် ၂၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ဘောလုံးကွင်းဘေးရှိ တိုက်ခန်းများကို အကြမ်းဖက် စစ်တပ်က ကျူးကျော်ဟုဆိုကာ အတင်း အဓမ္မ ဖျက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က မိတ္ထီလာမြို့ ပေါက်ချောင်းကွင်း၊ နန်းတော်ကုန်းရပ်ကွက် ဘောလုံးကွင်းဘေးရှိ တိုက်ခန်းများကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများကို ၂၀၀၅ ခုနှစ်တွင် အားကစားဝန်ကြီး သူရဦးအေးမြင့် လက်မှတ်ဖြင့် အားကစားဝန်ကြီဌာနက နှစ်ပေါင်း ၃၀ နေထိုင်ခွင့်ဖြင့် တစ်ခန်းလျှင် ကာလတန်ဖိုး ငွေကျပ် သိန်း ၂၀ ဖြင့် စာချုပ်ချုပ်ပြီး ရောင်းချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က သတ်မှတ်ထားသော စာချုပ်ပါ သက်တမ်း ကုန်ဆုံးခြင်း မရှိဘဲ တိုက်ခန်းများကို အတင်းအဓမ္မ ဖျက်ခိုင်းနေခြင်းဖြစ်ကာ တိုက်ခန်းနေ ပြည်သူများလည်း ပြောင်းရွေ့နေရန် ခက်ခဲနေကာ အများစု ဒုက္ခရောက်နေကြကြောင်း သိရသည်။

“ဘာတစ်ခုမှ မပေးပါဘူး။ ကျူးကျော်ဆိုပြီး တဖက်သတ် တရားစွဲပြီး ဖျက်ခိုင်းတာ ယခင် ပြည်သူ့ အစိုးရ လက်ထက်မှာ ကျွန်တော်တို့က ရေမြောင်းတောင်လုပ်ပေးထားသေးတယ်။ ပြည်သူတွေရဲ့ ဘဝတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ နေထိုင်ခွင့် ၁၀ နှစ်ကျန်ပါသေးတယ်။ မိတ္ထီလာမြို့ အားကာတိုက်တန်းပါ။ ၂၀၀၅ ခုနှစ်မှာ အားကစားဝန်ကြီး သူရဦးအေးမြင့် လက်ထက်မှာအားကစားဝန်ကြီဌာနက နှစ်ပေါင်း ၃၀ နေထိုင်ခွင့်နဲ့ ၁ ခန်းကို ကာလတန်ဖိုး သိန်း ၂၀ ဖြင့် စာချုပ်ချုပ်ပြီး ရောင်းခဲ့ပါတယ်။ စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်ပြီး တိုက်ခန်းတွေကို အတင်းအဓမ္မ ဖျက်ခိုင်းနေတာပါ။ တိုက်ခန်းနေ ပြည်သူတွေမှာ ယခုအခါအတော်ဒုက္ခရောက်နေကြရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် မြေသိမ်းမှုများ၊ ပြည်သူများနေထိုင်သော အိမ်များ၊ ရပ်ကွက်နှင့် ကျေးရွာများကို အဓမ္မ သိမ်းယူဖျက်ဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article