28 C
Yangon

မန္တလေး လေဆိပ်အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိ

Must read

ရန်ကုန်၊ မတ် ၂၈

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတား ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကားတချို့ ပြုတ်ကျမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်းပေါ်ရှိ ဒုဌဝတီတံတားလည်း ပြိုကျခဲ့ပြီး တံတားပေါ်တွင် မောင်းနှင်နေသည့် ကားတချို့ ပြုတ်ကျခဲ့ကာ လူထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တံတားဦး မန်းလေးက တံတားပါ။ အမြန်လမ်းမိုင်တိုင် ၃၅၈/၁ ဖာလုံက တံတားပါ။ တံတားပေါ် မောင်းနေတဲ့ကားတွေ ပြုတ်ကျတာရှိတယ်လို့ သိရတယ်။ လူထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article