33 C
Yangon

အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၀

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ပျူစောထီး ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကြို့ပင်ဝိုင်းရွာတွင် နေထိုင်သော ပျူစောထီး ဖိုးဖြူနှင့် ရန်နိုင်စိုး တို့သည် အရက်သောက်ပြီး‌ နေအိမ်သို့ ပြန်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး နေရာတွင် ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် သေနတ်နှင့် ဗုံးသီးများ ပါလာသည်ဟု သတင်းရရှိ ထားသော်လည်း ရှာဖွေမှုပြုလုပ်စဉ် သိမ်ဆည်းရရှိခြင်းမရှိကြောင်း၊ ယင်း ပျူစောထီး ၂ ဦးသည် စစ်မှုထမ်းစေခိုင်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်နေသူများဖြစ်ပြီး ပြည်သူများအပေါ် ဆက်ကြေးငွေ ကောက်ခံခြင်း၊ PDF တပ်ဖွဲ့ များ၏ လှုပ်ရှားမှု သတင်းများကို စုံစမ်းကာ စစ်ကောင်စီထံ ပေးပို့နေခြင်း၊ ရပ်ရွာထဲရှိ လူငယ်များရှိသည့် နေအိမ်များကို ငွေကြေးကောက်ခံရန် အုတ်ဖိုရဲစခန်းကို သွားရောက်တိုက်တွန်းနေကြသူများ ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ဆက်လက်၍ စစ်ဆင်ရေး အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးများ၊ စစ်ကောင်စီ ယန္တရားလည်ပတ်ရေးတွင် ကူညီပေးနေသော ထောက်တိုင်များနှင့် အတတ်နိုင်ဆုံး ရှောင်ရှား သွားလာ နေထိုင်ပေးကြပါရန် သာယာဝတီခရိုင် PDF က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article