33 C
Yangon

မြိုင်၊ ဝေါ နှင့် ရွှေကျင် တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ စက်မှု ၂ ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သည် ရိက္ခာရှာဖွေရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး MA 3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး နှင့် အခြားခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁၀ ကောင်လောက်ပဲ၊ ရိက္ခာရှာထွက်လာတာပါ။ ပစ်ခတ်မှုဖြစ်ပြီးတော့ ၁ ကောင်သေပြီး ကျန်ခဲ့တာပါ” ဟု မြိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ကိုမုဆိုး ၊ ကိုစတီး နှင့် ကိုကင်း တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ လက်ပံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ည ၈ နာရီအချိန်တွင် ရွှေကျင်မြို့နယ်၊ အခြေစိုက် ခမရ ၅၉၈ တပ်ရင်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“တစ်ဦးသေတာတော့ အတည်ပြုနိုင်တယ်။ ကျန်တာတွေက အတည်ပြုလို့ မရသေးပါဘူး” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၉ ရက် နံနက် ၁၁ နာရီတွင် ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်း မှ ရေခပ်ဆင်း လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ရာ စစ် သား ၁ ဦး ထိမှန်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို တောင်ညိုစစ်ကြောင်း ၊ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article