ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တောကျေးရွာတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပျူစောထီးနှင့်စစ်တပ်က ဝင်ရောက် ဖမ်းဆီးကြောင်း အဆိုပါဒေသမှ ပြည်သူများထံမှ သိရှိရသည်။
ဧပြီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ မှောတော်ကျေးရွာ ကို နေ့လယ်ပိုင်းအချိန် ပျူစောထီးနှင့်စစ်တပ်က ၀ိုင်းဝန်းပိတ်ဆို့ကာ အရွယ်ရောက်ပြီးသား စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ် ၅၀ ဦးခန့်ကို ဝင်ရောက် ဖမ်းဆီးပေါ်တာဆွဲသွားခဲ့ကြောင်း၊ အဆိုပါကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဝါသ၀ ဘုန်းကြီး၏ ကျေးရွာဖြစ်ကြောင်း သိရှိရသည်။
“ဝါသဝကျောင်းရှိရာ မှော်တောရွာမှာ နေ့လယ်ခင်း စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ကာ လူငယ် ၅၀ ကို စစ်မှုထမ်းခိုင်းဖို့ ပေါ်တာ ဆွဲသွားပါတယ်။ ပျူစောထီးခေါင်းဆောင် ဘုန်းကြီး ဝါသဝဟာ မှော်တောရွာမှာ မနေပါဘူး။ သူက အမှတ် ၆၀၆ အမြှောက်တပ်ရင်းထဲမှာ နေပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
မှော်တောကျေးရွာမှ မွတ်စလင်ဘာသာကိုးကွယ်သော လူငယ်တချို့ကိုပါ စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲသွားကြောင်း၊ မှော်တောကျေးရွာတွင် စုပေါင်း နေထိုင်ကြသည့် ကျေးရွာတစ်ခုဖြစ်ရာ အများစုမှာ စစ်မှုမထမ်းလိုကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဝါသ၀နှင့် ပျူစောထီး အကြမ်းဖက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
