ဒီကနေ့ ဧပြီ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက ဟန်ပြ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာပြီး တိုက်ခိုက်မှုတွေ နေ့စဉ်လုပ် နေလို့ စစ်တပ်ကို စောင့်ကြည့်မယ့် နိုင်ငံတကာယန္တရားတစ်ခုထူထောင်ဖို့ လိုအပ်မယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ NUG၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်က အပစ်ရပ်ထားတယ်လို့ ပြောနေပေမယ့် မနေ့က ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းရွာကို ဗုံးလာကျဲတဲ့ စက်တပ်လေထီး ၂ စီးကို ပြန်လည် ပစ်ခတ်ခဲ့ရာ လေထီးမောင်းသူ စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်း သတင်းတွေကို တင်ဆက်ပေးမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
