27 C
Yangon

သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက အရာတော်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်သား ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အရာတော်မြို့နယ် တောင်ပိုင်းက ကျေးရွာ ၂ ရွာကို လေယာဉ်နဲ့ ၄ ကြိမ် ကျဲချသွားတာပါ။ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိတယ်။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခတ-၁၀ (စစ်ရေးအခြေခံလေ့ကျင့်ရေးတပ်) မှ စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article