35 C
Yangon

စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဟု NUG ယာယီသမ္မတက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်း

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ စစ်တပ်၏ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံပင်မရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ရင်ဆိုင် ကြုံ တွေ့နေရပြီဆိုတာ အားလုံး မျက်မြင်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေက ၄ ပုံ ၁ ပုံတောင်မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးက ၄ နှစ် ကျော်လွန်လာပြီဖြစ်ပါတယ်။ တော်လှန်ရေးအချိန်ကာလ ကြာမြင့်တာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာတွေလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို

စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို စစ်အာဏာရှင်အမူအကျင့်အတွေးအခေါ် မှန်သမျှကို အဆုံးသတ်ရေး အတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးရှိတယ်ဆိုတာကိုလည်း အရှိတရား ကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထုထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး ပပျောက်သွားအောင် ကြိုးစားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် ယခု ၂၀၂၅ ခုနှစ်တွင် ကြီးမားသော တော်လှန်ရေး အလှည့်အပြောင်းဖြစ်စေရန် ပြည်သူလူထုအတွက် အပြီးသတ် အောင်ပွဲ အလင်းရောင် ယူဆောင်သွားနိုင်ရေး တော်လှန်ရေးအင်အားစုများအားလုံးက ကြိုးပမ်းရ မည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။

“အထူးဖြင့် ၂၀၂၅ ခုနှစ်မှာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေးအပြီးသတ်အောင်ပွဲ အလင်းရောင် ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစု တွေအားလုံး ဆထက် တစ်ပို ကြိုးစားသွားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့ပေါင်း ၁၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article