35 C
Yangon

မြ၀တီမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး (ခေါ်) ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုက ရောဂါဖြင့် သေဆုံးဟု သတင်းဖြန့်

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ မြ၀တီခရိုင်တွင် တာဝန်ကျနေသည့် ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး ခေါ် ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုကမူ ရောဂါဖြင့် သေဆုံးသည်ဟု သတင်းဖြန့်လျက်ရှိကြောင်း မိတ်ဆွေဖြစ်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အသက် ၄၂ နှစ်အရွယ် ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး ခေါ် ဟိုင်းလတ်ဌေး သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်း ဆင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၅ လမ်း တွင် နေထိုင်သူဖြစ်ကြောင်း ၊ မြ၀တီတွင် တာဝန်ကျနေစဉ် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဧပြီလ ၄ ရက်နေ့ ရန်ကုန်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ၁၃ ရက်အကြာ ဧပြီလ ၁၇ ရက်နေ့တွင် သေဆုံးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း၊ သေဆုံးမှုမှာ တိုက်ပွဲဒဏ်ရာကြောင့် သေဆုံးခဲ့သော်လည်း မိသားစုကမူ ရောဂါကြောင့် သေဆုံးသည်ဟု ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

“သူက မိသားစုဘက်ကတော့ ပြောတာက မုန့်ချိုအိတ်ရောင်ပြီး ဆုံးတယ်ပေါ့။ ဒါပေမယ့် တပ်အသိုင်းအ၀ိုင်းဘက်က ထွက်လာတာက တိုက်ပွဲမှာ ဒဏ်ရာရပြီး သေတာ။ သေတော့ သူ့အခေါင်းကို မဘသ ဘုန်းကြီးတွေအခေါင်းသယ်ကြတယ်” ဟု မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

သေဆုံးချိန်တွင် ဇနီး ဟေမာစိုးမင်းနှင့်သမီးဖြစ်သူ အိုပြည့်ခင်တို့ ကျန်ရစ်ခဲ့ပြီး သမီးမှာ စင်ကာပူတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဌေး (ခေါ်) ဟိုင်းလတ်ဌေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မုန်းတီးသူဖြစ်ပြီး NLD ဆန့်ကျင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် တိုင်းပြည်ပျက်စီးသည်ဟု အမြဲလိုလို ပြောဆိုသူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article