ရန်ကုန်၊ ဧပြီ ၂၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဘက်မှ မြန်မာစစ်သား ၅ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားဖြင့် ဖမ်းဆီးရန် စစ်ကောင်စီက ထိုင်းဘက်သို့ အသိပေးမှုများလုပ်ဆောင်နေကြောင်း ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
မြန်မာစစ်ကောင်စီတပ်မှ စစ်သား ၅ ဦးသည် ယခင်ရက်ပိုင်းအတွင်း ဘုရားသုံးဆူဘက်မှ တစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ဘုန်တီကျေးရွာလမ်းကြောင်းမှတစ်ဆင့် ထိုင်းဘက်သို့ ဝင်ရောက်သွားသဖြင့် ထိုင်းအာဏာပိုင်များက ကျေးရွာများနှင့် ပြည်သူ့စစ်များကို အသိပေး ထားကြောင်း သိရှိရသည်။
ထွက်ပြေးသွားသည့် မြန်မာစစ်သားများ၏ တပ်နှင့် စစ်သားများ၏ ကိုယ်ရေးအချက်အလက်များကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေ။
မြန်မာစစ်သား ၅ ဦး၏ ဓာတ်ပုံများကိုလည်း ထိုင်းအာဏာပိုင်များက ကျေးရွာများနှင့် ပြည်သူ့စစ်များထံသို့ ဖြန့်ဝေထားကြောင်း၊ အဆိုပါ ဓာတ်ပုံပါ မြန်မာစစ်သားများကို တွေ့ရှိပါက အကြောင်းကြားရန် ဆော်ဩ တိုက်တွန်းနေကြောင်း၊ လက်ရှိတွင် ဘုရားသုံးဆူ-ကန်ချနဘူရီ လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်မှုများရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်တချို့က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




