30.3 C
Yangon

ကရင်နီတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၄

ကရင်နီတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်သားအဖြစ် စုဆောင်းခံရသော ခလရ ၉ တပ်သား ၂ ဦးမှာ ဒီးမော့ဆို မြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံသို့ ထွက်ပြေး ခိုလှုံလာကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ခိုလှုံလာသော တပ်သားသစ် ၂ ဦးမှာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ တက်ရောက်ခဲ့ကြောင်း၊ ခလရ ၉ တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ကရင်နီစစ်မြေပြင်တွင် MA-1 တစ်လက် ၊ MA-2 တစ်လက် တို့နှင့်အတူ KNDF ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက အတင်းအဓမ္မ တပ်သားစုဆောင်းမှုများ ထပ်တိုးလုပ်ဆောင်လာသဖြင့် ပြည်သူများ အထူးသတိ ထား၍ သွား လာကြရန်၊ အတင်းအကျပ်ခေါ်ဆောင်ခံရပါက နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ၏ ဆက်သွယ်အလင်းဝင်ကြရန် KNDF က တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article